Tuesday 1 May 2018

ပုဇွန် သန့်စင်ပုံ






တချို့က ပုဇွန်ထုက်ကို အခွံမခွာဘဲ ကြော်လျှင်သော်လည်းကောင်း ချက်လျင်သော်လည်းကောင်း လှော်လျှင်သော်လည်းကောင်း မီးဖုတ်လျှင်သော်လည်းကောင်း ကြောဖက်မှ အမည်းကြောင်းကို ဖယ်ဖို့မေ့တတ်ကြပါတယ်။

ကြော်လှော်ချက်ပြုပ် မီးဖုတ်ပြီး စားကာနီးမှ ထိုအမည်းကြောင်းကို ဖယ်တဲ့အခါမှာ မလွယ်ကူဘဲ ပြတ်ထွက်ပြီး ပုဇွန်ရဲ့ ကြောဖက်မှာ အမည်းတွေ ပြန့်သွားတတ်ပါတယ်။

ဒိအတွက်ကြောင့် ပုဇွန်ထုတ်လေးတွေကို အခွံမခွာဘဲ ချက်မိတိုင်း ကြောဖက်က အမည်းကြောင်းလေးကို ဘယ်လိုထုတ်လဲ မေးလာသူတွေအတွက် မာမာပြင်ဆင်တဲ့ပုံလေးကို သိတဲ့သူတွေလဲ သိနေပါလိမ့်မယ် မသိသေးတဲ့ သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ပြင်ဆင်ပုံ

  1. ပုဇွန်ထုတ်ရဲ့  ကြောဖက်မှ အမည်းကြောင်းကို ထုတ်ရန်အတွက် သေးငယ်ပြီး မာကြောတဲ့ သံချိတ် သို့မဟုတ် သွားထိုးတံ အသစ်တချောင်းလိုပါတယ်
  2. ပုဇွန်ထုတ်ရဲ့ အခွံ ကြောဖက်ရှိ ဒုတိယ အဆစ်လောက်ကို သံချိတ်လေးနှင့် ပုံပါအတိုင်း ကန့်လန့်ဖြတ် ထိုးကလော်လိုက်ပါ
  3. ပြီးတာနဲ့ အပေါ်ဖက်မှ အမည်းကြောင်း အစတစ်စ ထွက်လာအောင် အသာလေး ဆွဲထုတ်လိုက်ပါ
  4. ထိုအမည်းစလေးမှာ ခေါင်းပိုင်းမှ အစာအိတ်ပါ တခါထဲ ပါလာအောင် အသာအယာ ဆွဲထုတ်ပေးပါ
  5. အပေါ်ပိုင်း အစတစ်စ ထွက်လာတာနဲ့ ပုဇွန်အမြှီးပိုင်းဖက်မှ နောက်တစ်စကို အသာလေး ဆွဲထုတ်လိုက်ပါ
  6. ကြောဖက်မှ အမည်းကြောင်း တစ်ခုလုံး ထွက်သွားပါက ရေဆေးကာ မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုပ် ကြော်လှော် မီးဖုတ်ပြီး စားသောက်နိုင်မည့် သန့်စင်သွားတဲ့ ပုဇွန်ထုတ်များကို ရပါပြီ

တချို့က ပုဇွန်ထုက်ကို အခွံမခွာဘဲ ကြော်လျှင်သော်လည်းကောင်း ချက်လျင်သော်လည်းကောင်း လှော်လျှင်သော်လည်းကောင်း မီးဖုတ်လျှင်သော်လည်းကောင်း ကြောဖက်မှ အမည်းကြောင်းကို ဖယ်ဖို့မေ့တတ်ကြပါတယ်။

ကြော်လှော်ချက်ပြုပ် မီးဖုတ်ပြီး စားကာနီးမှ ထိုအမည်းကြောင်းကို ဖယ်တဲ့အခါမှာ မလွယ်ကူဘဲ ပြတ်ထွက်ပြီး ပုဇွန်ရဲ့ ကြောဖက်မှာ အမည်းတွေ ပြန့်သွားတတ်ပါတယ်။

ဒိအတွက်ကြောင့် ပုဇွန်ထုတ်လေးတွေကို အခွံမခွာဘဲ ချက်မိတိုင်း ကြောဖက်က အမည်းကြောင်းလေးကို ဘယ်လိုထုတ်လဲ မေးလာသူတွေအတွက် မာမာပြင်ဆင်တဲ့ပုံလေးကို သိတဲ့သူတွေလဲ သိနေပါလိမ့်မယ် မသိသေးတဲ့ သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ပြင်ဆင်ပုံ

  1. ပုဇွန်ထုတ်ရဲ့  ကြောဖက်မှ အမည်းကြောင်းကို ထုတ်ရန်အတွက် သေးငယ်ပြီး မာကြောတဲ့ သံချိတ် သို့မဟုတ် သွားထိုးတံ အသစ်တချောင်းလိုပါတယ်
  2. ပုဇွန်ထုတ်ရဲ့ အခွံ ကြောဖက်ရှိ ဒုတိယ အဆစ်လောက်ကို သံချိတ်လေးနှင့် ပုံပါအတိုင်း ကန့်လန့်ဖြတ် ထိုးကလော်လိုက်ပါ
  3. ပြီးတာနဲ့ အပေါ်ဖက်မှ အမည်းကြောင်း အစတစ်စ ထွက်လာအောင် အသာလေး ဆွဲထုတ်လိုက်ပါ
  4. ထိုအမည်းစလေးမှာ ခေါင်းပိုင်းမှ အစာအိတ်ပါ တခါထဲ ပါလာအောင် အသာအယာ ဆွဲထုတ်ပေးပါ
  5. အပေါ်ပိုင်း အစတစ်စ ထွက်လာတာနဲ့ ပုဇွန်အမြှီးပိုင်းဖက်မှ နောက်တစ်စကို အသာလေး ဆွဲထုတ်လိုက်ပါ
  6. ကြောဖက်မှ အမည်းကြောင်း တစ်ခုလုံး ထွက်သွားပါက ရေဆေးကာ မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုပ် ကြော်လှော် မီးဖုတ်ပြီး စားသောက်နိုင်မည့် သန့်စင်သွားတဲ့ ပုဇွန်ထုတ်များကို ရပါပြီ။

No comments:

Post a Comment