Monday 30 April 2018

ချဉ်ပေါင်ရွက် အခြောက်လှမ်းနည်း












သမီးကျောင်းတက်တဲ့မြို့ဆီကို ပြောင်းကြတော့မယ်ဆိုတော့ အိမ်မှာစိုက်ထားတဲ့ ချဉ်ပေါင်ရွက်တွေခူးပြီး ရေခဲသေတာထဲမှာလဲ ထည့်လို့မရလေတော့ အခြောက်လှမ်းပြီး သိမ်းဖို့ပြင်ရ ဆင်ရပြန်ပါတယ်။

ပြင်ဆင်ပုံ
ချဉ်ပေါင်ရွက် - ဆန်ကောဇကာ အကြီးတစ်ချပ်စာ မောက်မောက်
ဆား - လက်တစ်ဆုတ်သာသာ
ချဉ်ပေါင်ရွက်များကို အရိုးမှ ထွင်ပေးပါ
ပြီးတာနဲ့ ရေတစ်တပ်လောက် ဆေးပေးပါ
ရေဆေးပြီးတာနဲ့ ဇလုံကျယ်ကျယ် တလုံးထဲမှာထည့်ပြီး ဆားထည့်ကာ နယ်ပေးပါ
နယ်နေရင် ချွဲနေသော အရည်များ ထွက်လာပါလိမ့်မယ်
ပုံပါအတိုင်း ချဉ်ပေါင်ရွက်များ နွမ်းလာပါက ရေသုံးထပ်လောက် ဆေးပေးပါ
ရေများစစ်သွားရန် လက်အားသန်သန်နှင့် ညှစ်ပေးပါ
ပြီးတာနဲ့ ဆန်ကောထဲမှာ ထည့်ပေးပြီး နေပူပူမှာ လေးရက်လောက် နေလှန်းပေးပါ
ချဉ်ပေါင်ရွက်များ ခြောက်သွေ့ပါက လေလုံသော အိတ် သို့မဟုတ် ပုလင်းတို့ထဲမှာ ထည့်ပြီး သိမ်းနိူင်ပါပြီ
ချက်စား ကြော်စားမည်ဆိုပါက ရေနာရီဝက်လောက် စိမ်ပြီးမှ ပြင်ဆင်ချက်ပြုပ်နိူင်ပါပြီ။

No comments:

Post a Comment