Friday 30 March 2018

ငရုတ်သီးစိမ်း အချဉ်တည်နည်း









ဘဲသားလေးတွေ ဝယ်ထားပြီး တနေ့တမျိုး မရိုးရအောင် လုပ်စားဖြစ်ပါတယ် ဒီတခါတော့ ဘဲပေါင်းဆီချက်လေး လုပ်ပါမယ် ဒါကြောင့်မို့လို့ ဆီချက်ခေါက်ဆွဲ မလုပ်ခင် ဘဲပေါင်းဆီချက်နဲ့ တွဲဖက်ပြီး စားလို့ရအောင် မာမာပြင်ဆင်ပြီး အချဉ်တည်ဖြစ်တဲ့ ငရုတ်သီးစိမ်း အချဉ်တည်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. လတ်ဆတ်ပြီး စပ်သော ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  2. ဗနီကာ - လိုသလောက်
  3. ဖန်ပုလင်း - တစ်လုံး

ပြင်ဆင်ပုံ
  1. လတ်ဆတ်သော ငရုတ်သီးစိမ်းများကို အညှာခြွေကာ ရေစင်အောင် ဆေးထားပြီး ရေစစ်ထားပါ
  2. ဖန်ပုလင်းကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် နေလှန်းထားပါ
  3. ပုံတွင်ပါသည့် ဗနီကာကို ပြင်ထားပါ
  4. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုလင်းထဲကို ငရုတ်သီးများ အရင်ဆုံး ထည့်ပေးပါ
  5. ပြီးတာနဲ့ ငရုတ်သီးစိမ်း မြုပ်အောင် ဗနီကာကို ထည့်ပေးပါ
  6. အဖုံးလုံအောင်ပိတ်ပြီး ရိုးရိုးအခန်း အပူချိန်ထဲမှာဘဲ ၂၄နာရီခန့် ထားပေးပါ
  7. ပုံပါအတိုင်း အရောင်ပြောင်းလာတာနဲ့ မိမိနှစ်သက်သလို စားသုံးရန် ပြင်နိုင်ပါပြီ
  8. ငရုတ်သီးစိမ်းအချဉ်က ထည့်ရတာ လွယ်တဲ့အတွက် တခါထဲ အများကြီး မထည့်ဘဲ လတ်လတ်ဆတ်ဆတ် စားလို့ရအောင် တခါစားစာလောက်ဘဲ ထည့်ပေးပါ
  9. ပိုနေရင်လဲ ရေခဲသေတာထဲမှာ ထည့်သိမ်းနိုင်ပါတယ် သို့ပေမဲ့ အချဉ်စူးသွားနိုင်တဲ့အတွက် သင့်တော်သလောက်ဘဲ ထည့်စားတာ အကောင်းဆုံး ဖြစ်ပါတယ်။

No comments:

Post a Comment