Wednesday 31 January 2018

အမဲသား အစာသွပ် ကော်ပြန့်လိပ်




ကော်ပြန့်လိပ် စားချင်တယ်လို့ ပြောလိုက်ရင် အရင်ဆုံး ဘာအသားလေး ထည့်လိပ်ရင် ကောင်းမလဲလို့ စဉ်းစားမိပါတယ် ဒီနေ့တော့ အမဲသားနဲ့ လိပ်တဲ့နည်းလေး မျဝေလိုက်ပါတယ်။

ပါ​၀င်ပစ္စည်းများ

  1. အသားကောင်းသော အမဲသား - 200 g
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံးတစ်ပုံ
  3. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  6. အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော မုံလာဥနီ  - တစ်ဥ
  7. ရေဆေးကာ ပုံပါအတိုင်း လှီးထားသော ဂေါ်ဖီအကြွတ် - တစ်ခြမ်း
  8. ရေဆေးထားသော ဆလတ်ရွက် - တစ်ပင်
  9. အသင့်သုံးနိုင်သော မုန့်ဟင်းခါးဖတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  10. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ

  • အမဲသားကို ရေဆေးပြီး လက်တလုံးသာသာ အမြှောင်းလေးတွေ လှီးပေးပါ
  • လှီးပြီးတာနဲ့ ဆား နနွင်း အရသာမှုန့်တို့နယ်ကာ နာရီဝက်လောက်နှပ်ထားပါ
  • ပြီးတာနဲ့ အောက်ခြေမကပ်သော ဒယ်အိုးခပ်ပြားပြားထဲမှာ ဆီအနည်းငယ်ထည့်ပြီး ၁၅မိနစ်လောက် အိုးပူတိုက်ပေးပါ
  • အိုးပူတိုက်နေစဉ် အကျက်ညီစေရန် မကြာမကြာ လှည့်ပေးပါ
  • ကျက်ပြီဆိုတာနဲ့ အအေးခံထားပါ
  • အမဲသား အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြား တချပ်ထဲထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက် တချပ်ပေါ်ဖြန့် တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ မိမိနှစ်သက်သလို ရွက်များနှင့် မုန့်ဟင်းခါးဖတ်များ ခင်းထည့်ပေးကာ အမဲသားချောင်းကို ထည့်ပေးပါ
  • လိပ်လို့ လွယ်ကူစေရန် အစာများကို အနေတော်ဘဲ ထည့်ပေးပါ  
  • ပုံထားသော အစာများဧ။် အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်
  • အားလုံး လိပ်ပြီးပြီဆိုတာနဲ့ အမဲသား ကော်ပြန့်လိပ်ကို မိမိနှစ်သက်သော အချဉ်ရည်နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment