Saturday 16 September 2017

သရက်သီးခြောက်ယို



သရက်သီးခြောက်လေးတွေ လှမ်းထားတာ အခုလိုရာသီးမျိုးမှာ အရမ်းဘဲ အသုံးဝင်ပါတယ် ယိုထိုးစားမလား ဟင်းချက်စားမလား ငါးပိချက်လေး ချက်စားမလား အရမ်းကို အစဉ်ပြေတဲ့ သရက်သီး ခြောက်လေးတွေပါ ဒီနေ့တော့ သရက်သီးခြောက်ကို ထန်းလျှက်ခဲနဲ့ ယိုထိုးနည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီးခြောက် - 350 g
  2. ထန်းလျှက်ခဲ - 200 g (အချိုကြိုက်ပါက ပိုထဲ့ပေးပါ)
  3. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
  5. လေးညှင်း - ၂ပွင့်
  6. ဖာလာ - ၂ခု
  7. စမုံစပါး - အနည်းငယ်


ပြင်ဆင်ပုံ
  1. သရက်သီးခြောက်ကို ရေနှင့်တထပ်လောက် ဆေးပေးကာ ပေါင်းဇကာထဲထည့်ပြီး ရေနွေးဆူဆူနှင့် တစ်နာရီလောက် ပေါင်းပေးပါ
  2.  သရက်သီးခြောက်များ ပျော့လာပါက ပေါင်းအိုးကို မီးပိတ်ထားပါ 
  3. လေးညှင်း ဖာလာ စမုံစပါးတို့ကို မီးအေးအေးနှင့် မွှေးလာအောင် လှော်ထားပါ
  4. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတကျ ကျိုပါ
  5. ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးအသန့်တလုံးထဲ ပြန်ထည့်ပါ
  6. ထန်းလျှက်ရည်ထဲသို့ပေါင်းထားသော သရက်သီးများ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါးတို့ထည့်မွှေပေးပြီး ထန်းလျှက်ရည် ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ
  7. ထန်းလျှက်ရည် ခမ်းလာကာ သရက်သီးခြောက်ယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment