Saturday 9 September 2017

ခရမ်းချဉ်သီး ကြက်ဥချဉ်ရည်ဟင်း



ဒီနေ့တော့ ငါးပိရည်ကျို မွှေးမွှေးလေး ကျိုဖြစ်ပါတယ် ငါးပိရည်ကျိုကျို မွှေးမွှေးလေး ကျိုဖြစ်တော့ သူနဲ့လိုက်ဖက်ပြီး ထမင်းမြိန်မြိန်နဲ့ စားလို့ကောင်းစေတဲ့ လွယ်ကူမြန်ဆန်စွာ ချက်နိူင်တဲ့ ကြက်ဥချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ရှစ်လုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  4. ချင်း - လက်တစ်ဆစ်သာသာ
  5. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်းသာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၆ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာထားပြီး ကြက်ဥကို အပ်ခြည်ကြိုးနှင့် ထက်ဝက်ပိုင်းပေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ္သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး နုတ်နုတ်လေးတွေ လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည် ဆီသတ်နံ့လေး မွှေးလာတော့မှ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာတော့မှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထဲ့ကာ ရေကိုပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာလာတာနဲ့ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ထက်ဝက်ခြမ်းထားတဲ့ ကြက်ဥကို အနှစ်ကို အပေါ်မှာထားပြီး ထည့်ပေးကာ ဆီကျန်ရေကျန် အနေအထားလေး ရလာအောင် တည်ပေးပါ
  • ပြီးတာနဲ့ ကြက်ဥချဉ်ရည်ဟင်းကို မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

No comments:

Post a Comment