Wednesday 6 September 2017

ကန်စွန်းရွက် ကြက်သားကြော်


မာမာတို့အိမ်ရဲ့ ထမင်းဝိုင်းလေးမှာ များသောအားဖြင့် ကန်စွန်းရွက်ကို သတ်သတ်လွတ်လေးဘဲ ကြော်ဖြစ်တာ များပါတယ် ဒီနေ့တော့ အသားလေးနဲ ကြော်ဖြစ်လို့ လွယ်ကူမြန်ဆန် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းရွက် - လက်တဆုတ်စာ တစ်စည်း
  2. ကြက်ရင်ပုံသား - သင့်တော်ရုံ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  4. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  5. အားလုံးအဆင်သင့် ဖြစ်ပါကကြက်ရင်ပုံသားနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  7. ဆီအငွေ့ တက်လာတာနဲ့ နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
  8. ပြီးတာနဲ့ ကြက်သားကို ၃မိနစ်လောက် ထည့်ကြော်လိုက်ပါ
  9. ကြက်သားကျက်တာနဲ့ သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး ငရုတ်သီးစိမ်းကို ထည့်ကြော်ပေးပါ
  10. ပြီးတာနဲ့ ကန်စွန်းရွက်များထည့်ပြီး အချိုမှုန့်ကို တစ်ခါထဲ ထည့်မွှေပါ
  11. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment