Wednesday 27 September 2017

သရက်ချဉ် အချဉ်တည်နည်း













သရက်သီးစိမ်းလေးတွေကို သရက်ချဉ်လုပ်ပြီး သိမ်းချင်တာနဲ့ တနေ့က အချဉ်ထဲ့ဖြစ်ပါတယ် လုပ်နည်းလေးက လွယ်ပါတယ် မာမာ့ blog မှာလဲ တခါတင်ဖူးပြီးသားပေမဲ့ သရက်သီး ပေါ်ချိန်မှာ သတိတရ လုပ်စားနိုင်အောင် သရက်ချဉ်လုပ်နည်းလေး ပြန်လည်ကာ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း - 1 kg
  2. ဆား - ထမင်းစားဇွန်း ၄ဇွန်း


    ပြင်​ဆင်​ပုံ

    • သရက်သီးများကို အထက်ပါ ပုံအတိုင်း ထိပ်​ဖက်​မှ အညှာကိုလှီးကာ ​ရေဆေးပြီး အစေးများ ထွက်စေရန် အလုံးလိုက် ​ရေ တနာရီ​လောက်​ စိမ်​ထားပါ
    • ပြီးလျှင်​ ပုံပါအတိုင်း အလုံးလိုက်ကို ခပ်ထူထူ အပြားအချပ်လေးတွေရအောင် လှီးပေးပါ
    • ပြီးတာနဲ့ အထက်ပါ ပုံအတိုင်း သရက်သီး အချပ်လေးတွေ သုံးချပ်လောက် ထပ်ပေးကာ ခပ်ရိပ်ရိပ်ပါးပါး ရှည်ရှည်လေးတွေ လှီး​ပေးပါ
    • ပါးပါးရှည်ရှည်လေးတွေ လှီးထားသော သရက်သီးစိမ်းများကို နွမ်းသွားအောင် ဇလုံတလုံးထဲမှာထည့်ပြီး ဆားနှင့် ခပ်ဖွဖွနယ်ပေးပါ
    • သရက်သီးများ ဆားနယ်လို့ ထွက်လာသည့် အရည်များနှင့် သရက်သီးများကို အိတ်တစ်လုံးထဲမှာ ထည့်ပေးပြီး အိတ်ကို ပိတ်ပေးပါ
    • ပြီးတာနဲ့ သရက်သီး ထည့်ထားသောအိတ်ကို ဒုတ်ချွန်လေးဖြင့် အပေါက်သေးသေးလေးတွေ လိုက်ဖောက်ပေးပါ
    • ထိုအိတ်ကို ဇလုံတလုံးထဲထည့်ပြီး လေးသောပစ္စည်း တစ်ခုခုဖြင့် ဖိထားပေးပါ
    • လေးလေ သရက်ချဉ်က ကောင်းလေမို့လို့ ခပ်လေးလေးနှင့် ဖိပေးကာ အခန်းအပူချိန်ထဲမှာ ထားပေးပါ
    • ပုံပါအတိုင်း သရက်သီးဖတ်များကို ထွက်လာသော ဆားအရည်ထဲမှာ တရက်လောက် စိမ်ပြီးထားပေးပါ
    • ဆားအရည်စိမ်တာ တရက်လောက် ရတာနဲ့ ဇလုံထဲမှ အရည်များကို သွန်ပေးပါ
    • ပြီးလျှင် သရက်သီးမှ အချဉ်ရည်များ ထပ်ထွက်သွားစေရန် အထက်ပါ နည်းအတိုင်း ၂ ရက်လောက် ထပ်ပြီးထားပေးပါ 
    • ပြီးတာနဲ့ ထွက်လာသော အရည်များ သွန်ပေးကာ အချဉ်အရသာ အနေတော် ဖြစ်နေတဲ့ သရက်ချဉ်ကို ရပါပြီ
    • ထိုသရက်ချဉ်ကို ဖန်ပုလင်းထဲသို့ ပြောင်းထည့်ကာ ရေခဲသေတ္တာထဲမှာထည့်ပြီး သိမ်းထားနိုင်သလို သုပ်စား ချက်စား ကြော်စား မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

    No comments:

    Post a Comment